Amoxicillin နှင့် ampicillinဆေးတို့၏ တို့၏ခြားနားချက်များ
........
........
Amoxicillin ကို အူနံရံတွေက ပိုမိုစုပ်ယူနိုင်စွမ်းရှိပါတယ်… သူဟာ plasma
protein တွေထဲမှာကြာကြာနေနိုင်စွမ်းရှိတဲ့အတွက် ..သူ့ရဲ့အာနိသင်ဟာ
ampicillin ထက်ပိုမိုရှည်ကြာပါတယ်….
Ampicillin ရဲ့
စုပ်ယူနိုင်စွမ်းကို အစာက အနှောင့်အယှက်ပေးနိုင်ပေမယ့်..amoxicillin
ကိုတော့အစာက မနှောင့်ယှက်နိုင်ပါဘူး…ဆိုလိုတာက ampicillin က
အစာနဲ့တွဲသောက်လို့အဆင်မပြေသော်လည်း amoxicillin
ကိုတော့အစာရှိသည်ဖြစ်စေ..မရှိသည်ဖြစ်စေ သောက်နိုင်ပါတယ်…
Ampicillin နဲ့နှိုင်းယှဉ်ရင် Amoxicillin က ပဋီဇီဝဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ၀မ်းလျှောခြင်းဖြစ်နိုင်ခြေပိုနည်းပါတယ်..
ထို့ပြင် amoxicillin ကသလိပ်နဲ့အကျိအချွဲတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး ပိုးတွေကို သတ်နိုင်စွမ်း..ပိုမိုရှိပါတယ်…
ဆေးနှစ်မျိုးလုံးကို ဆီလမ်းကြောင်းပိုးဝင်နာ ၊နားတွင်းပိုးဝင်နာ
၊သွားနှင့်ခံတွင်းပိုးဝင်နာ ၊ အဆုတ်နာ ၊လေပြွန်နာ ၊ဦးနှောက်အမြှေးရောင်နာ
၊အူရောင်ခြင်း ၊စသည်တို့တွင်သုံးလေ့ရှိပါတယ်…
Ampicillin
ကိုသောက်မည်ဆိုပါက ၂၅၀ မီလီဂရမ်ဆေးပြားကို ၆နာရီခြားတစ်ချိန်
၊အစာမစားမီနာရီဝက်အလို ၀မ်းတွင်းအစာမရှိချိန်တွင် သောက်သုံးရန်လိုပြီး
ဆီလမ်းကြောင်းပိုးဝင်နာအတွက် ၅၀၀ မိလီဂရမ်ကို ၈
နာရီခြားတစ်ကြိမ်သောက်ရပါတယ်…
Ampicillin ကိုသောက်မည်ဆိုပါက ၂၅၀ မီလီဂရမ်ကို ၈နာရီသောက်ရပါတယ်..
ရောဂါပြင်းပါက ၅၀၀ မီလီဂရမ်ကို ၈နာရီခြားတစ်ကြိမ်သောက်ဖို့လိုပါတယ်…
ရောဂါပြင်းပါက ၅၀၀ မီလီဂရမ်ကို ၈နာရီခြားတစ်ကြိမ်သောက်ဖို့လိုပါတယ်…
သတိပြုရန်မှာ ပင်နီစလင်နှင့်မတည့်သူဖြစ်ပါက ထိုဆေးနှစ်မျိုးစလုံးနှင့်မတည့်တတ်ပါ…
ကျောက်ကပ် ရောဂါရှိသူများ သတိပြုသုံးစွဲရန်လိုအပ်ပါသည်…
ကျောက်ကပ် ရောဂါရှိသူများ သတိပြုသုံးစွဲရန်လိုအပ်ပါသည်…
Differences between Amoxicillin and ampicillin ကို နားလည်သမျှ ဘာသာပြန်ပါသည်။
ဝတ်မှုံလေး


0 Comments