အရှုံးပေးမှရှုံးတာပါ
***********
ပြင်သစ် စာရေးဆရာ Jean Dominique Bauby ဆိုတဲ့လူဟာ သူ့ခေတ် သူ့အခါ က စာပေအသိုင်း အဝိုင်းမှာ အရမ်းတော်တဲ့ စာနယ်ဇင်းသမားပေါ့။အလားအလာ လည်း ရှိ အောင်လည်း အောင်မြင်နေတဲ့ သူ့ဘဝဟာ ကျေနပ်စရာပေါ့ ။ ဒါပေမယ့် ကံကြမ္မာက သူ့ကို ရက်စက်ခဲ့တယ်။သူ့အသက် ၄၃ နှစ် အရွယ်ရောကိတဲ့အခါ လေဖြတ်ခြင်း ကြောင့် တစ်လနီးပါးလောက် သတိ မေ့မြော ခဲ့ရရှာပါတယ်။
သတိရတဲ့အခါ သူဟာ ဘဝ သေသွားခဲ့ပါပြီ။သူ့ခန္ဓာကိုယ် တစ်ခုလုံးဟာ ဘယ်ဘက်မျက်လုံး တစ်လုံး ဖွင့်နိုင်ပိတ်နိုင်တာက လွဲလို့ ဘာမှသုံးစားမရတော့ဘူးလေ။သူမလှုပ်နိုင်ရှာတော့ဘူး။ဒါပေမယ့် သူ့မှာ အကောင်းပကတိ ကျန်နေသေးတာ တစ်ခုတော့ရှိပါတယ်။သူ့ရဲ့ထက်သန်တဲ့ စိတ်ဓာတ်။ အရှုံးမပေးတဲ့စိတ်ဓာတ်ပါပဲ။
အဲ့ဒီစိတ်တစ်ခုနဲ့ပဲသူဟာ သူဖြစ်ချင်တဲ့အလုပ်ကို ပြီးအောင် ဆက်လုပ်ခဲ့ပါတယ်။ရေးဖို့ဆုံးဖြတ်ထားတဲ့ စာအုပ်ကို မပြီးပြီးအောင် ဆက်ရေးခဲ့တယ်။ဘယ်လို ရေးတယ်ထင်ပါသလဲ။
ပြင်သစ်အမျိုးသမီး လော့ဒ်မင်တန်ဒီဘီလ် ရဲ့ အကူအညီနဲ့ သူ့ရဲ့ လှုပ်ရှား နိုင်တဲ့ ဘယ်ဘက် မျက်လုံးကို မျက်တောင် တဖျတ်ဖျတ်ခတ်ပြီး သူရေးစေချင်တဲ့ပြင်သစ် စာလုံးအရောက်မှာ ရပ်တန့်ခဲ့ပါသတဲ့။ အဲ့ဒီလိုနဲ့ သူရေးသားခဲ့တဲ့ အဲ့ဒီစာအုပ်ကို မကွယ်လွန်မီ သုံးရက် အလိုမှာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဲ့ဒီစာအုပ်ဟာအရမ်းအောင်မြင်တဲ့ရုပ်ရှင်အဖြစ်တောင် ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ မျက်လုံး တစ်လုံးတည်း သာ အသုံးဝင်တဲ့ အချိန်မှာ တောင်အရှုံးမပေးခဲ့ပါဘူး။သူဖြစ်ချင်တဲ့အလုပ်ကို နောက်ဆုံးထွက်သက်အထိ အရှုံးမပေးပဲလုပ်သွားခဲ့တယ် ။တကယ်တော့ တစ်ကြိမ် နှစ်ကြိမ် လေး ရှုံးနိမ့် ရုံနဲ့ တစ်ခါ နှစ်ခါ လေး မအောင်မြင်ရုံနဲ့ အားလုံးရှုံးနိမ့်သွားတာ မျိုးမှမဟုတ်တာ။သူ့အကြောင်းတွေဖတ်ပြီး စိတ်ပျက်အားငယ်စရာတွေ ဆိုတာ လက်သင့် မခံတဲ့သူထံမှာ အကြာကြီး မနေနိုင်ဘူး ဆိုတာ ကျွန်မ နားလည်သဘောပေါက်လာရပါတယ်။
ကျွန်မတို့ရဲ့ စိတ်ဓာတ်က အရှုံးပေး လက်နက် မချ သရွေ့ ကျွန်မတို့ ဆီမှာ ဘာတစ်ခုမှ ပိုင်ဆိုင်တာတွေ အားကိုး စရာ တွေ မရှိသေးရင်တောင် ကျွန်မတို့ မရှုံးကြသေးပါဘူး။ စိတ်ဓာတ် ခွန်အား မလျှော့သော ဇွဲလုံ့လ တွေဟာ အောင်မြင် နိုင်မယ့် တန်ဖိုးအရှိဆုံးသော အရင်းအနှီးတွေပါပဲ။
ဘယ်လို စိတ်ညစ်စရာ အားပျက်စရာတွေ ကျရှုံးမှုတွေနဲ့ကြုံပါစေ Jean Dominique Bauby လို ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ အခက်အခဲတွေကို စိန်ခေါ်ပစ်ပြီး အောင်မြင်မှုကို ကြိုဆိုလိုက်ကြရအောင်………:)
သူငယ်ချင်းတို့ ဘဝတစ်လျှောက်လုံးအမြဲထိပ်ဆုံးမှ လျှမ်းလျှမ်းတောက်အောင်မြင် ထူးချွန် ကြပါစေ………
ဝတ်မှုံလေး

Post a Comment

0 Comments