အပေါ်ကို မော့ကြည့်တဲ့အခါ
ပြိုးပြက် လျှံတင့် တဖိတ်ဖိတ်ဝင့်နေတဲ့ …
ဂုဏ်ရွှေ အဆင်း တပ်မက်ဖွယ်အခြင်းအရာတွေဟာ
မုဒိတာ သာ မပါရင် …
ရင်ဘတ်မှာ သူ့အလိုလို နာ …
ကိုယ့်ဘဝကိုယ် ကျေနပ်တင်းတိမ်စရာလို့မမြင် …
ပိုပိုနိမ့်ကျစေတဲ့ မနာလိုခြင်း အရောင်တွေ စိတ်မှာထင်လိမ့်မယ်……။
အောက်ကို ငုံ့ကြည့်တဲ့အခါ …
အရာရာ နွမ်းပါး
ကိုယ့်အရောင်ထက်
်ဖျော့တော့မှေးမှိန်တဲ့ ဘဝ တွေ …
သနားစဖွယ် အတိ …
ကရုဏာ သာ မရှိရင် ……
ငါ့လောက် ဂုဏ်ရှိန် မတောက်
မလောက်လေး မလောက်စား အထင်မှားပြီး …
မာန တွေထား ပူလောင်မှုတွေ များတတိတယ် ……။
ဘေးကို ကြည့်တဲ့အခါ …
ဝေမျှ ခံစား …
မေတ္တာ တရား မရှိတဲ့အခ့ါ…
ငါ့နဲ့တန်းတူ ငါ့လိုတူလည်း
ငါက ပိုမြတ် ငါကို အတပိ စွဲ …
ငါသာ အလှ ပကာသနတွေဖက်
ငါကမှ ပိုတတ်တာ …
အဲ့ဒီလို အသိ တွေ နဲ့
မာန မီးလျှံထဲကို ခုန်ချ
သောက ဗျာပါဒတွေ များတတ်တယ်……။
တကယ်တော့
အပေါ်ကိုကြည့်ရင် …ကရုဏာပါမှ …
အောက်ကိုကြည့်ရင် ကရုဏာ ပါမှ ……
ဘေးကို ကြည့်ရင် …
မေတ္တာ ပါမှ ……
လောကကြီးဟာ စိမ်းမြပြီး …အေးအေးချမ်းချမ်းလေး ……လှတယ်လေ……။
ဝတ်မှုံလေး

Post a Comment

0 Comments