တစ်ခါတစ်လေ
လုပ်ဖော်ကိုင်ဘက်အချင်းချင်း
ကိုယ် ခင်သလို သူ မခင် ပါလားလို့တွေးပြီး စိတ်ညစ်တတ်တယ် ……။
တစ်ခါတစ်လေ …
တစ်ယောက်တည်းငိုင်ရင်း
ဘေးနားမှာ ဘယ်သူမှမရှိပါလား …လို့တွေးမိတတ်တယ် ……။
တစ်ခါတစ်လေ …
အရင်းနှီးဆုံး ဆိုတဲ့သူတွေရဲ့ …
အရှိုကိတည့်တည့်ကို ထိုးနှက်မှုတွေ ……
မမျှော်လင့်ထားတဲ့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေ …
အဲ့ဒီအရာတွေအားလုံး…
ကျွန်မတို့ တစ်ကွေ့ မကြုံ တစ်ကွေ့ကြုံကြရဦးမှာပါပဲ …။
အဲ့ဒီလိုကြုံလာတာတွေကို ရင်ဆိုင်နိုင်ဖို့ …
စိတ်လေ့ကျင့်ခန်း တစ်ခု လိုအပ်တယ် ……။
အဲ့ဒီလေ့ကျင့်ခန်းဟာ …
စိတ်ကို မပြတ်စောင့်ကြည့်တဲ့
"ဝိပဿနာပါပဲ …"
တရားထိုင်ကြည့်တဲ့အခါ
ကိုယ်အချစ်ဆုံး
ကိုယ့်ခန္ဓာကတောင် …
သစ္စာ မရှိ …
နာမိ …ကျင်မိ……တာပဲမဟုတ်လား…။
ခန္ဓာက အစ ဖောက်ပြန် မှုတွေပြသနေတဲ့ …လောက …
မွေးလာကတည်းက တစ်ကိုယ်တည်း …
အထီးကျန်ခြင်းဟာလည်း သဘာဝ ……
ဘာကို ခံစားပြနေစရာ လိုဦးတော့မှာလဲလေ ………။
ဝတ်မှုံလေး

Post a Comment

0 Comments