'ရှစ်ဆိုင်ရွက်ကြာ' ချီရာဇဓာတုကလျာကိုဖွဲ့သော ရတုပိုဒ်စုံ
(နတ်သျှင်နောင်)
(၁) ရှစ်ဆိုင်ရွက်ကြာ ဖြန့်မိုးကာသား မင်းသာစံမှတ် စက်ပြဿာဒ်သို့ ရှိညွှတ်ရည်ဆက် ဖူးသည့်ရက်ဝယ် စိတ်စက်နှလုံး စုရုံးကြွင်းမဲ့ ကြွေခဲ့မတတ် ဆွတ်လွတ်လှည့်ကာ ဗျာပါကျိုးပြစ် စင်စစ်မသိ မျက်စိလိုလိုက် ပါကြိုက်သရွေ့ မြော်သည့်နေ့က မမေ့စဖူး အကျူးအလွန် ဆယ်ပြန်ဆယ်ထပ် တည်ရပ်မဲ့ဆုံး ယူသို့ကျုံးသည် သက်လုံးဆက်ပါချင်တော့သည်။ ။

(၂) နှစ်ပြိုက်ဘက်ရှာ ဝတိံသာမှ စံရာစံထား ရွေးခဲ့ခြား၍ သိကြားတမျှ
ပြိုင်လှာကလည်း သော်တာ့ရောင်တွင် ကြယ်နှယ်ထင်ဟု သခင်ကကို များမိန့်ဆိုလိမ့်
ဝင်းညိုမွှေးမတ် ပြာလတ်နွဲ့ချော သဘောစင်ဖြူ မည်သို့ဟူ၍ မြင်သူမူးမော်
တွေးခေါ်ဟမြွက် ဆိုမျိုးခက်ခဲ့ အဖက်ကျူးလွန် တင့်မောဟန်ကို
မြော်ပြန်မြင်နှိုင်း တန့်မဆိုင်းသည် ရှုတိုငိးမျက်နှာထင်တော့သည်။ ။
(၃) ချစ်ပိုင်ဆက်ရာ လက်ဆောင်လျာမူ သက်သာဖြစ်သင့် ပေးထိုက်တင့်ဟု ကြိုးခွင့်လျှောက်မည် ကြံချင်သည်လည်း ဝိုက်လည်ခယ ဘယ်သူသ၍ လှများစံကျွန်း မိန့်တော်ပန်းကို မြဝန်းရစ်သီ မဆင်မီဝယ် ချစ်ဆီတည့်လျော် ကြားရသော်မှ လွမ်းပျော်ကြွေလွတ် ပြေတို့တတ်၏ ။ ပြတ်ပြတ်ဟရည် မသိသည်နှင့် နွေလည်ရာသီ ပွင့်ပြိုင်ညီက နာရီပါဒ်ဝက် လျှပ်တစ်ပြက်မျှ စုံမက်ဆပွား ချန်မထားသည် သနားရက်သာဖြင်တော့သည် ။ ။
နတ်သျှင်နောင်

0 Comments