#‎ဘဝဆိုတာဘာလဲ‬ ဆိုတဲ့ မေး ခွန်းကို ငယ်ငယ်တုန်းက တော့ ‪#‎ဘဝဟာနံနက်ခင်းနှင်းဆီပန်းမဟုတ်‬ လို့ ဖတ်ဖူးတဲ့ စာအုပ်ထဲက စာလုံး လှလှလေးကို ဘုမသိ ဘမသိ အဓိပ္ပါယ် လည်း သေချာ မသိပါပဲ ဖြေခဲ့ဖူးသည်။
တကယ့် တကယ် ဘဝ တစ်ခုကို ရုန်းကန် ရတဲ့ အချိန်ရောက်တဲ့ အခါ ဘဝဟာ နံနက်ခင်း နှင်းဆီပန်းလို အမြဲ ဆွတ်ပျံ့ လန်းဆန်း မ နေဘူး ဆိုတာ ပိုပို သိလာခဲ့မိပါသည်။ ဘဝ သည် သူ၏ အဓိပ္ပါယ် ကို ကျွန်မအား နှစ်သက်စရာ စာလုံး လှလှပပ လေး တစ်လုံးတစ်လေပင် မပါပဲ လက်တွေ့ သင်ပြဆဲပင်။ ကျန်းမာရေး
ဝန်ထမ်း ဆိုသော ဘဝ တွင် တာဝန် ဟူသောစကားလုံး အောက်
၌ ဘဝ ကို ကျွန်မ ပိုပို သဘောပေါက် ခဲ့ရသည်။ များပြားလှသော အလုပ်တာဝန်များကြားတွင် ကြောက် ရင်း လန့်ရင်း အတွေ့အကြုံ အဆိုးအကောင်း များကို ကူးခတ် သင်ယူရင်းနှင့် တစ်ခါတစ်လေတော့ဘဝသည် နွမ်းနယ်ခြင်းများကြားမှ ရပ်တည်ဖို့ ခွန်အားကိုလည်း ကြိုးစားရှာဖွေရာ အကောင်းဆုံး အရာတစ်ခုလည်းဖြစ်နေခဲ့ပြန်ပါသည်။

အခုအချိန်တွင် ဘဝဆိုတာဘာလဲ လို့ တစ်ယောက်ယောက်က ကျွန်မကိုမေးလျှင် ကြောက် ရွံ့ ရင်းဖြင့် မဖြစ် မ နေ ရဲရင့် ရ သော ကြိုးစားမှု အစုအပုံကြီး ဟု ပြန်ဖြေမိမည် ထင် ပါသည်။ ယခုထိ ကျွန်မသည် ကြောက် ရွံ့ ရင်း ရုန်းကန် ရင်း နှင့် ထိုအစုအပုံကြီးကြားမှာ နစ်မြုပ်ဆဲ လူသားတစ်ဦး အ နေနှင့် ကြိုးစားရှင် သန် ရပ်တည်နေဆဲ ဖြစ်ပါတော့သည်။
ဝတ်မှုံလေး

Post a Comment

0 Comments