ငါ့သမိုင်းကို အလိမ်အညာတွေနဲ့ပစ်ပေါက်..
ငါ့ဘဝကို ဘယ်လိုကြေအောင်နင်းလျှောက်လျှောက်..
တောက်ပနေဦးမှာ….
ညစ်ပတ် စုတ်ပေမှုတွေနဲ့ ငါ့ကို ဖိချ…
အမှုန်အမွှားလေးတစ်ခုဖြစ်သွားရင်တောင်လေထဲမှာ မျောပြ..
လက်နက်မချပဲ …ပြုံးပြနေဦးမှာ…
စကားလုံးတွေနဲ့ပစ်ပေါက်..
အကြည့်တွေနဲ့အပိုင်းပိုင်းကြေ..
အမုန်းတွေကြောင့် ငါ့ဘ၀ သေစေချင်သလား..
ဒါပေမယ့် လေ လိုပဲ.
ငါဟာ အမြဲ လောကကြီး အတွက် လိုအပ်နေစေဦးမှာ…
ကျိုးပဲ့နေတဲ့ ငါ့နှလုံးသားကို မြင်စေချင်သလား…
မျက်မှောင်ကုပ်ပြီး ညှိုးရော်နေတဲ့ ငါ့မျက်နှာလား..
ခေါင်းကိုငုံ့ ခပ်ကုပ်ကုပ်နဲ့ ..
တပေါက်ပေါက်စီးဆင်းကျ..
အဲ့ဒီမျက်ရည်က မှ နင့်ကို သာယာလှပစေတာလား..
စိတ်မကောင်းပါဘူး..
အဲ့ဒါတွေအားလုံးပြီးဆုံးတဲ့တစ်နေ့..
နေမင်းလို လူတွေ မငြီးငွေ့တဲ့အလင်းရောင်မျိုး..
လင်းလက်မှုတွေ တဖျတ်ဖျတ် နဲ့..
ငါတစ်ခါထပ်ပြီး ပေါ်ထွက်လာဦးမှာ…..။
(Doctors ဆိုတဲ့ ကိုးရီးယားကားထဲက မင်းသမီးလေးရဲ့ စိတ်ဓာတ်လေးကို သဘောကျမိလို့ပါ)
အမြဲခင်လျက်..
ဝတ်မှုံလေး



1 Comments
ဆရာမက ကိုယ္တိုင္ေရးတာလား copy လား
ReplyDelete