****************
လူတွေဟာ
ချစ်မြတ်နိုးခြင်း ခံရဖို့အတွက်
ဖြစ်တည်တယ်……။
အရာဝတ္ထုတွေကတော့
အသုံးပြုခြင်း ခံရဖို့အတွက်
ဖြစ်တည်တယ်……။
ဒါပေမယ့်
လူတွေဟာ အသုံးချခြင်းခံရတယ်
အရာဝတ္ထုတွေကတော့ ချစ်မြတ်နိုးခြင်း ခံရတယ်
ဖြစ်တည်မှုနဲ့ လွဲနေတဲ့ 
အသုံးချခံ ကမ္ဘာကြီး မှာ
ချစ်ခြင်းမှားယွင်းနေတဲ့
နှလုံးသားတွေကြောင့်
ပျော်ရွှင်မှုတစ်ခု အတွက်
ကြေကွဲခြင်း တစ်ခု ရောက်ကြရတယ် ……။
အဲ့ဒီလိုနဲ့
ကမ္ဘာကြီးဟာ
သနားဖွယ်ရာ
မှားယွင်းနေတဲ့ အမှန်ကြားမှာ
နေသားကျခဲ့ရရှာတော့တယ်……။
WHP(ဝတ်မှုံလေး၏ စာအိမ်ငယ် )
ချစ်ခြင်းမှားယွင်းနေတဲ့
နှလုံးသားတွေကြောင့်
ပျော်ရွှင်မှုတစ်ခု အတွက်
ကြေကွဲခြင်း တစ်ခု ရောက်ကြရတယ် ……။
အဲ့ဒီလိုနဲ့
ကမ္ဘာကြီးဟာ
သနားဖွယ်ရာ
မှားယွင်းနေတဲ့ အမှန်ကြားမှာ
နေသားကျခဲ့ရရှာတော့တယ်……။
WHP(ဝတ်မှုံလေး၏ စာအိမ်ငယ် )


0 Comments