တကယ်ချစ်တဲ့သူ ဆိုတာ
ဘယ်လောက်အလုပ်များများ
ရတဲ့ အချိန်လေးကို ချစ်သူနဲ့ တွေ့ဖို့ ပေးနိုင်သူ ဖြစ်တယ် ……။

တကယ်ချစ်တဲ့သူ ဆိုတာ
အဆက်အသွယ် ဘယ်လောက်ပြတ်ပြတ်
ကိုယ့် ချစ်သူကို သစ္စာ မပျက်ပဲ
အမြဲသတိရနေသူ ဖြစ်တယ် ……။

တကယ်ချစ်တဲ့သူဆိုတာ
ကိုယ့် ကို ချစ်တယ်လို့တဖွဖွ ပြောဖို့ထက်
ကိုယ့် ချစ်သူရဲ့ကျန်းမာရေး ကိုယ့်ချစ်သူရဲ့ပျော်ရွှင် မှုကို
ပို အလေးပေး ဂရုစိုက်တတ်သူ ဖြစ်တယ်……။

တကယ် ချစ်တဲ့သူဆိုတာ
ကိုယ့် ချစ်သူ ကြိုက်မယ့် အရာလေးတွေကို
အမြဲပြုလုပ်ပြ
ကိုယ့်ချစ်သူရဲ့ အပြုံးလေးကို
ပိုတောက်ပစေသူ ဖြစ်တယ်……။

တကယ်ချစ်တဲ့သူ ဆိုတာ
ကိုယ့်ချစ်သူ အကျိုးရှိမယ့်
အတွေးအခေါ်တွေကို ဝေမျှပေး
ကိုယ့်ချစ်သူကို သူတစ်ပါးပြောဆိုဝေဖန်ခြင်းကင်းဝေးအောင် ကာကွယ်ပေးရင်း
ချစ်ခြင်း တွေနဲ့ နွေးထွေးစေသူလည်းဖြစ်တယ်……။

တကယ်ချစ်တတ်တဲ့သူတစ်ယောက်ကို
ပိုင်ဆိုင်ရသူဟာ
ကံအကောင်းဆုံးသူ တစ်ဦးဖြစ်လာပါတော့တယ်……:)။

"genuine love wants what is the best for the others !"

WHP(ဝတ်မှုံလေး၏စာအိမ်ငယ်)

Post a Comment

0 Comments