မလှလို့ ရပါတယ်
ယဉ်ကျေးဖို့တော့ လိုအပ်တယ် ……။
ခုန်ပေါက်ပြေးလွှား လို့ ရပါတယ်
သိက္ခာနဲ့ ကိုယ်ကျင့်တရား တွေ
ပြည့်စုံဖို့တော့ လိုအပ်တယ်……။
ရိုးသားလို့ရပါတယ် ……
မတုံးအ ဖို့တော့ လိုအပ်တယ် ..။
သွက်သွက်လက်လက်ရှိလို့ ရပါတယ်
လူလည် မကျတတ်ဖို့တော့ လိုအပ်တယ်
သီးသန့်နေတတ်လို့ ရပါတယ်
ကူညီတတ်ဖို့တော့ လိုအပ်တယ်
ကြိုးစားလို့ရပါတယ်
ဖြတ်လမ်းနည်းက မဟုတ်ဖို့ လိုအပ်တယ်
သံသယ ဖြစ်လို့ ရပါတယ်
မစွပ်စွဲတတ်ဖို့တော့ လိုအပ်တယ်…။
ရဲစွမ်းသတ္တိရှိလို့ ရပါတယ်
မိုက်ရူးရဲ မဆန် ဖို့ တော့ လိုအပ်တယ်…။
နွေးထွေးစွာ ပြုံးပြ လို့ရပါတယ်
နောက်ကျောကို ဓားနဲ့မထိုးတတ်ဖို့လည်း လိုအပ်တယ် ……
ကိုယ်ရော အခြားသူတွေပါ စိတ်ချမ်းသာဖို့
ဘဝ မှာ အဲ့ဒီအချက်လေးတွေ လိုအပ်ပါတယ် ……။
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)
0 Comments