ခဏလေးဖြစ်ဖြစ်
တရားထိုင်ကြည့်တဲ့အခါ 
ခန္ဓာကိုယ်ရဲ့
 ဖောက်ပြန်နှိပ်စက်တတ်တဲ့ သဘောကို 
သိမြင်လာရပါလိမ့်မယ်……။

ငါဟာ တစ်နေ့ သေရမှာပါလား ဆိုတဲ့  အသိ
ငါပိုင်ဆို်င်ထားတာ အနိစ္စ တွေ ပါလား ဆိုတဲ့အသိ

အဲ့ဒါတွေ မဟုတ်ရင်တောင်
စိတ်ဖိစီးခြင်း တွေကို …တွန်းလှန်နိုင်ဖို့ …
(ကုထုံးတစ်ခုအနေနဲ့ဖြစ်ဖြစ်)
တရားထိုင်ခြင်းက လိုအပ်ပါတယ်……။


ကိုယ်အချစ်ရဆုံး
ဂရုအစိုက်ရဆုံး
ကိုယ့် ခန္ဓာကိုယ်ကြီးတောင်
ကိုယ့်အလိုကို မလိုက်တဲ့နောက်
ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့
အကြောင်းကိစ္စ တွေ လည်း
ထူးဆန်းလောက်တဲ့ ကိစ္စ မဖြစ်တော့ပါဘူး……။

ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်
သံသရာ တစ်လျှောက်လုံး အတွက်ပဲဖြစ်ဖြစ်

အချိန်အနည်းငယ် ပေးပြီး
ကိုယ့်နေထိုင်မှုကို သတိလေးကပ်ကြည့်ခြင်းက
တကယ့်ကိုလိုအပ်ပါတယ် ………။

ဝတ်မှုံလေး၏ စာအိမ်ငယ်

Post a Comment

0 Comments