အာပေတူးရဲ့ ဘာသာပြန်
*************************
*************************
ဘယ်လူ တစ်ယောက်ချင်းစီကမှတော့ အသင်းအဖွဲ့တစ်ခု မဖြစ်နိုင်ပါဘူး ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်လို အပ်ကြတယ်။ တစ်စုံတစ်ယောက်က သင့်ကို လိုအပ်နေပြီး သင်ကလည်း (သင့်လုပ်ဖော်ကိုင်ဖက်)တစ်စုံတစ်ယောက်ကို လိုအပ်နေတာပါပဲ။ ထီးထီးကြီးတည်ရှိနေတဲ့ ကျွန်းစု ဆိုတာ ဘယ်မှာရှိလို့လဲလေ။ ဘဝ တာဝန်ဆိုတဲ့အရာကို ရွက်ဆောင်ဖို့အတွက် ကျွန်တော်တို့ဟာ အမှီသဟဲပြုကြရတယ်။ ထောက်ပံ့ထိန်းညှိပေး ကြရတယ်။ ဆက်နွယ်လုပ်ဆောင်ပေး တုံ့ပြန်ပေးကြရတယ်။ စွန့်လွှတ်အပ်နှင်း ပေး ဆောင် ယူပေးရတယ်။ ဝန်ချတောင်းပန်ပေး ခွင့်လွှတ်ပေးရတယ်။ ပေါင်းစည်းညီညွတ်ပေး ပွေ့ ဖက်ပေး မှီခိုအားထားပေးကြရပါတယ်။
လုပ်ငန်းတစ်ခုလုံးကို အမှီအခိုကင်းကင်းနဲ့ တစ်ယောက်တည်း လုံလုံလောက်လောက် ပျော်ရွှင် စွာဆောင်ရွက် နိုင်ခြင်း မရှိနိုင်သလို ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း တန်ခိုးရှိတဲ့ စွမ်းအားရှင်ကြီးတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် အဲ့ဒီလို ကျွန်တော်တို့ လုပ်ဆောင်နေမိတာတွေကို ရပ်လိုက်ကြရအောင် ။ ဘဝဟာ အဲ့လို မိုက်မဲ လှတဲ့ နေရာယူလိုမှုတွေ မပါပဲနဲ့တောင် တော်တော့်ကို အထီးကျန်ဆန်လွန်းလှပါပြီ။ ယှဉ်ပြိုင် တဲ့ကစားနည်းတွေကနှုတ်ထွက်ပြီး တစ်ယောက်နဲ့တစ်ယောက် (နားလည်မှုတွေနဲ့) မြဲမြဲခိုင် ခိုင် ချည်နှောင် ပူးပေါင်းလိုက်ကြရအောင်ပါ။
......
JOHN C.MAXWELL ရဲ့ Team work 101 ဆိုတဲ့စာအုပ်လေးက temperment ဆိုတဲ့ခေါင်းစဉ်လေးကို တော်တော်သဘောကျလို့ အဲ့ဒီက စာပိုဒ်လေးတစ်ပိုဒ်ကို မနေနိုင် မထိုင်နိုင် ဘာသာပြန်ကြည့်မိပါတယ်။ နားလည်ခံစားမိသလောက် ပြန် ရေးထားခြင်းမို့ ဖတ်ဖူးသူများ အဓိပ္ပါယ်ကွဲလွဲနေသည်များရှိလျှင် ခွင့်လွှတ်ကြပါရန်။
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)



0 Comments