သံသရာ အဆက်ဆက်
***********************

ပွင့်ဦးစသစ် မာနလှစ်သည့်
အလွန်ချစ်ဖွယ်
ပန်းငယ်ကလေး
ခပ်သေးသေးလည်း
သူပေးသည့်ပန်း
ချစ်ခြင်း သမ်း၍
အဆန်းတကြယ်
တင့်တယ်ပေလှ
ချစ်သူ့ပန်းလေး မွှေးမြမြ။
.
ဖိုးများစွာတန်
ပန်းမာန်တစ်ပွင်။့
ရင်မှချစ်ခင် လိုချင်နှစ်သက်
ထိုပန်းမြတ်ကို
တပ်မက်ခုံမင်
လွန်ယုံချင်လှ
သူ့စကားသံချိုမြမြ..။
.
မက်မောစုံမက်
ရက်ဆက်၍တိုး
မြတ်နိုးခြင်းများ
ဆပွားသစ်သစ်
ခိုင်မာရစ်နွယ်
အမြစ်တွယ်ပွား
ချည်နှောင်ထားကာ
ပိုပိုသာဆဲ
ဘဝများစွာမြဲ တော့သတည်း။
.

Post a Comment

0 Comments