သီချင်း
******

ရင်မှာစိုးထိတ် တရိပ်ရိပ်ဖြင့်
စိတ်ဝယ်အားငယ် လမ်းရယ်မတွေ့
မြေ့မြေ့ကျွမ်းလောင် နေပူတောင်နှယ်
ဘယ်ဝယ်မသိ ရင်မချိခဲ့ ။ ။

အစဉ်သာညှိုးချိမ့် တလှိမ့်လှိမ့်ဖြင့်
ထိတ်လန့် မပြေ ကျမျက်ရည်ပေါင်း
ချောင်းချောင်းစီးသွယ် မြစ်ပြင်ကျယ်နှယ်
မျက်ခြယ်ကိုရောက် တာရိုးပေါက်ခဲ့ ။ ။

ဘဝင်မှာစိုးထိတ် တသိမ့်သိမ့်နှင့်
အိပ်၍မတိုး အိမ်မက်ဆိုးများ
တဟားဟားတိုက် ရှိုက်ရှိုက် ငိုဖွယ်
စိတ် ဝယ်ကိုရောက် အလွန်ကြောက်ခဲ့။ ။

သူလာတိုးတိတ် တငြိမ့်ငြိမ့်ဖြင့်
မနိမ့်မမြင့် အသံလွှင့်ရင်း
မီးကလေးလင်း တိတ်ဆိတ်ခြင်းမှာ
ကိုယ့်ကမ္ဘာလေး သာသာယာစေ
သီချင်းလေးတွေ နားစွင့်စေခဲ့ .....။

လဲ့မြ ရှိန်းစို သူ့သံချိုကြောင့်
ကြောက်စိတ် လွင့်ဝေး
ရှောင်ခွာပြေးသည် …………
နွေးထွေးလှပ ရှိခဲ့သည်………………။

Genuine love wants what is the best for the other!!!

with love ,
your little sister ,

WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments