မာန
*****
f (x) ကို သူ့ရဲ့ factor နဲ့စားလို့
အကြွင်း ရ တဲ့ တစ်နေ့ ……
ဓာတ်ပြုတဲ့ဓာတ်ငွေ့တွေအတွက်
Dalton's law of partial pressure က
အသုံးဝင်တဲ့တစ်နေ့ …………
Constant mass မရှိပဲ Boyles' law နဲ့
Charles law တွေမှန်တဲ့တစ်နေ့ ……
နောက်ဆုံး ……
သဇင်ပန်းတွေ မြေကြီးပေါ်မှာပွင့်မယ့်နေ့ ……
ကြာပန်းတွေ ရေမရှိပဲနဲ့မြူး……
တမာခါးခါးက အချိုအရသာကို ကူးမယ့်နေ့ ………။
*****
f (x) ကို သူ့ရဲ့ factor နဲ့စားလို့
အကြွင်း ရ တဲ့ တစ်နေ့ ……
ဓာတ်ပြုတဲ့ဓာတ်ငွေ့တွေအတွက်
Dalton's law of partial pressure က
အသုံးဝင်တဲ့တစ်နေ့ …………
Constant mass မရှိပဲ Boyles' law နဲ့
Charles law တွေမှန်တဲ့တစ်နေ့ ……
နောက်ဆုံး ……
သဇင်ပန်းတွေ မြေကြီးပေါ်မှာပွင့်မယ့်နေ့ ……
ကြာပန်းတွေ ရေမရှိပဲနဲ့မြူး……
တမာခါးခါးက အချိုအရသာကို ကူးမယ့်နေ့ ………။
ကောင်မလေးရေ…
အဲ့ဒီနေ့တွေကို စောင့် ကွယ့်……
……
အဲ့ဒါ ……
တလက်လက်တောက်ပနေတဲ့
ကိုယ့်ခံယူချက်တွေ ပြာကျမယ့်နေ့ ……
သေလုအောင် ချစ်မိသူကိုတွေ့လည်း
ကိုယ့်ကို မကြည်ဖြူတဲ့ရင်ခွင်မှာ
ဘယ်တော့မှမမွေ့ဘူး ………။
သာယာစွာ မက်မောမိရင်တောင်
ကိုယ့်ဖက်ပါလာအောင်
ဘယ်တော့မှ မညာဘူး ……။
နင့်သည်းစွာတမ်းတချင်တမ်းတရ
ဒူးထောက်ပြီးတော့ ဘယ်တော့မှခဝါမချဘူး ……။
ဘယ်လောက်ပဲနန်းထိုက်ထိုက်
ကိုယ့်ခံစားချက်မပါရင် မကြိုက်တတ်ဘူး ……။
ကိုယ်က အဲ့ဒီလို ခပ်မိုက်မိုက်လူသား
ထုတ်ဖော်မပြမိပေမယ့်
မင်းတစ်ယောက်ကိုသာ
နက်နဲစွာချစ်မိခဲ့တာလည်း
ကိုယ့်ရဲ့သစ္စာတရား ……
ကဲ
မကျေနပ်ရင်လည်း
"ထား" သွားနိုင်ပါတယ်……။
ကွဲနေတဲ့ ရင်ဘတ်ကြီးထဲ ကဗျာတွေထည့်သိပ်……
ကာရန်တွေနဲ့
ကိုယ်အိပ်ခဲ့တယ်…………။
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)
sub title- သင်္ချာ တွက်ရင်း ပေါက်ကရ chemistry ဖတ်ရင်း ကမောက်ကမ


0 Comments