"သတ္တဌာန" ဆိုတာ ဘာကိုပြောတာပါလဲ……
မြတ်စွာဘုရားသည် ဘုရား အဖြစ်ကို ရရှိတော်မူပြီးနောက် မဟာဗောဓိပလ္လင်တော်နှင့် တကွ အနီးရှိနေရာခြောက်နေရာတွင် ခုနစ်ရက်စီသီတင်းသုံးတော် မူခဲ့ပါသည်။ ထိုသီတင်းသုံးတော်မူခဲ့သော ခုနစ်နေရာ ခုနစ်ဋ္ဌာနကို "သတ္တဌာန" ဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။ သတ္တဌာန အမည်များမှာ……
(၁)ပလင်္က သတ္တာဟ
(၂)အနိမိသ သတ္တာဟ
(၃)စင်္ကမ သတ္တာဟ
(၄) ရတနာဃရ သတ္တာဟ
(၅) အဇပါလ သတ္တာဟ
(၆) မုစလိန္ဒ သတ္တာဟ
(၇) ရာဇာယတန သတ္တာဟ တို့ဖြစ်ကြပါသည်။
မြတ်စွာဘုရား၏ ဖွားဖက်တော်က ဘယ်သူတွေပါလဲ .....
မြတ်စွာဘုရားဖွားမြင်တော်မူသောေ
(၁) ယသော်ဓရာ မင်းသမီးလောင်းလျာ
(၂) ကာဠုဒါယီ အမတ်လောင်းလျာ
(၃) ဆန္ဒအမတ်လောင်းလျာ
(၄)ညီတော်အာနန္ဒာလောင်းလျာ
(၅) ကဏ္ဍက မြင်းတို့ကိုလည်း ဖွားမြင်ခဲ့ပါသည်။
ထို့ပြင်
(၆)ရွှေအိုးကြီး လေးလုံးတို့လည်းပေါ်လာပြီး
(၇)မဟာဗောဓိပင်လည်း ပေါက်ခဲ့သည်။
ထို့ကြောင့် မြတ်စွာ ဘုရား၏ ဖွားဖက်တော် များမှာ အထက်ပါအတိုင်း ခုနစ်ပါးရှိပါသည်။
"အစကြိုးကြာ ဆယ်ခြောက်ခါတည့်………အစချီ ဗုဒ္ဓဖြစ်စဉ် ဂါထာတော်ရဲ့ အဓိပ္ပါယ်က ဘာပါလဲ……
အစကြိုးကြာ ဆယ့်ခြောက်ခါတည့်
ဟင်္သာကိုးဖြစ် ခြောက်ဖြစ်ကားခို
ကျေးညိုသုံးခါ သံသာကျူးဟိတ်
ကရဝိတ်ငါး မျောက်ကားတစ်ဆယ် ဆင်ဝယ်ဆယ့်တစ် နွားဖြစ်ဆယ့်လေး ဧတေးသိန္ဓာ
ကျွဲအဋ္ဌနှင့် သံမြသံညောင်း
ဥဒေါင်းနှစ်ခါ သာလိကာသတ္တ
ဒွာဒသကြက် ဝက်ကားဆယ့်သုံး
ပေါင်းရုံးများစွာ တစ်ရာ့သုံးဆယ်
ခြောက်ဖြစ်ဝယ်၌
အန္တရာယ်တစ်စိ ဘေးမရှိသည့် မုနိမြတ်လောင်း ဖြစ်တော်ပေါင်းကို
ညွံတ်ပျောင်းတုပ်ကွ ပမာဏဖြင့်
ကြည်စွသဒ္ဒါ ရိုသေစွာ
ရှိခိုးကန်တော့ ပါ၏ ဘုရား …"
ဒီဂါထာက မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မမူမီ ရှေးအတိတ်ပေါင်းများစွာမှာ ကျင်လည်ခဲ့ရတဲ့တိရစ္ဆာန်ဘဝ များကို လင်္ကာဖွဲ့ဆိုထားခြင်းဖြစ်ပါတယ် ……
မြတ်စွာဘုရားရှင်၏ ရှေးအတိတ်ပေါင်းများစွာက ကျင်လည်ခဲ့ ရသော ဘဝ များမှာ …ဂါထာအရ(၁၃၆) ဘဝ ဖြစ်ပါတယ် ..
ကြိုးကြာဘဝ =၁၆
ဟင်္သာဘဝ =၉
ခိုဘဝ =၆
ကျေးညိုဘဝ =၃
ကရဝိတ်ဘဝ =၅
ကိန္နရီဘဝ =၎
စာမရီဘဝ = ၁၅
မျောက်ဘဝ = ၁၀
ဆင်ဘဝ =၁၁
နွားဘဝ =၁၄
သိန္ဓောမြင်းဘဝ =၁
ကျွဲဘဝ =၈
ဥဒေါင်းဘဝ = ၂
သာလိကာဘဝ =၇
ကြက်ဘဝ = ၁၂
ဝက်ဘဝ =၁၃
စုစုပေါင်း =၁၃၆ ဘဝ ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
မေတ္တာ နှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ ………။
pray pray pray
WHP(ဝတ်မှုံလေး၏ စာအိမ်ငယ်)
Title-သိလိုသည်များအဖြေရှာခြင်း


0 Comments