သိပ်မကြီးကျယ်တဲ့
အိမ်မက်ကလေး အချို့ကို
မစွမ်းမသန် ခွန်အားလေးနဲ့
အသက်သွင်းဖို့ ……
ကိုယ်ပိုင် အားလပ်ချိန်လေးတွေကို
ကျေကျေနပ်နပ် အဖဲ့ခြွေ ခံပေးလိုက်တယ်……
မျှော်လင့် ကြီး စွာ နဲ့
ရိုးသားဖြူစင်တဲ့ …
အပြုံးလေးတွေကို
အဖိုးအခ အဖြစ် သတ်မှတ်မယ်……။
ဒီလိုနဲ့ ……
ကျောက်ပေါက်မာ အပြည့်နဲ့ ရွာလမ်းကလေးကိုဖြတ်……
ခမ်းနားထည်ဝါခြင်းတွေ တစ်စက်မှ
တည်ခင်းဧည့်မခံတတ်တဲ့ ……
နေရာကလေးမှာ ……
ရိုးရှင်းစွာ
ပျော်ဝင်နစ်မျောသာယာခဲ့တယ်။
@ တမာပင် ပညာဒါနကျောင်း
6:20 PM

Post a Comment

0 Comments