ကိုယ့်ဥယျာဉ်မှာမှ
ကံကောင်းစွာ ဖြစ်တည်တဲ့
ပျော်ရွှင်တိမ်းမောဖွယ် ချစ်ခြင်းပန်းတစ်ပွင့်ဟာ……
……
တစ်ဦးဦးအတွက် ကြေကွဲစရာ……ဆိုရင်……
ကိုယ် ဟာ …
ထိုကြေကွဲစရာကို မြိန်ရေ ရှက်ရေ ဖြင့်
ဘယ်တော့ မှ
အောင်သေ အောင်သား
…သဘောစားသုံးလိမ့်မည် မဟုတ်……။
……လှောင်ပြောင်ရယ်မော……ခပ်သောသောဖြင့် ဝမ်းသာအားရ ပြုမူ ဆက်ဆံလိမ့်မည်မဟုတ်…………။
မျက်ရည်များထုံမွှမ်းမှ ရရှိသော ချန်ပီယံ ဘွဲ့ကို ကိုယ်မမက်မော……
ရိုးရှင်းငြိမ်းချမ်းတဲ့ အေးချမ်းဖွယ်ရာတွေကိုသာ
ကိုယ်တန်ဖိုးထား နှမြောတယ် ……။
"ကျွန်ုပ်သည်……
မည်သူ၏ မျက်ရည် ……
မည်သူ၏ ကြေကွဲ ဝမ်းနည်းခြင်း ကိုမျှ လောကကြီး၏ စာမျက်နှာ ထက်ရှိမည်ကို မဝမ်းမြောက်မိပါ။
ဤ စိတ်ထားမှန်ကန်ပါက ....
ကိုယ့်ဥယျာဉ်က ချစ်မြတ်နိုးဖွယ်ရာကံကောင်းခြင်းပန်းကလေး…………
ကိုယ့်နှလုံးသားရပ်ဝန်း တွင်သာ ထာဝရ မွှေးပါစေသတည်း...........။"
Genuine love wants what is the best for the other!!
Photo credit -chitthu
translated by WHP (ချစ်သူ့တမ်းချင်း)

Post a Comment

0 Comments