ယောက်ျားလေးတိုင်းကကိုယ့်ကို
ကြိုက်ဖို့မလိုဘူး
ယောက်ျားလေးတိုင်းကကိုယ့်ကို
အိနြေ္ဒရှိသူအဖြစ်လေးစားဖို့တော့လိုတယ်
.
လူတိုင်းကကိုယ့်ကို
လှတယ်လို့ထင်ဖို့မလိုဘူး
လူတိုင်းကကိုယ့်ကို
ရိုးသားအေးချမ်းတယ်လို့ထင်ဖို့တော့လိုတယ်
.
လူတိုင်းရဲ့ကြားမှာကိုယ်က
ရေပန်းစားနေဖို့မလိုဘူး
လူတိုင်းရဲ့ကြားမှာကိုယ်က
ကိုယ့်ဘဝနဲ့ကိုယ် လှနေဖို့တော့လိုတယ်
.
လူတိုင်းကကိုယ့်ကို
တော်လွန်းထက်မြက်လွန်းတယ်လို့
ထင်ဖို့မလိုဘူး
လူတိုင်းကကိုယ့်ကို
တုံးလွန်းတယ်လို့မထင်ဖို့တော့.......လိုတယ်
.
မိဘကကိုယ့်ကို
အဖိုးတန်တယ်လို့ ထင်ဖို့မလိုဘူး
မိဘကကိုယ့်ကို
တာဝန်ကျေတယ်လို့ထင်ဖို့တော့လိုတယ်
...
.
သူငယ်ချင်းတွေကကိုယ့်ကို
သဘောကောင်းတယ်လို့ထင်ဖို့မလိုဘူး
သူငယ်ချင်းတွေကကိုယ့်ကို
ကူညီတတ်တယ်လို့ထင်ဖို့တော့လိုတယ်
.
အူကြောင်ကြောင် ပိန်သေးသေး ကောင်မလေးတစ်ယောက်က
ဘဝမှာ လိုအပ်ချက် နဲ့
သိပ်မလိုအပ်တဲ့အချက်တွေကို
အဲ့ဒီလိုနဲ့ ခပ်တည်တည် ပိုင်းခြားစိတ်ဖြာပြပါသတဲ့.. :D
.
ဝတ်မှုံလေး၏စာအိမ်ငယ်

Post a Comment

0 Comments