ပီယာကျူရီနဲ့တူတဲ့ ငါ့အစ်ကိုလေး
***********************
ပီယာကျူရီက ရူပဗေဒတွေ ကျက်တယ်
ငါ့အစ်ကိုလေးက ကွန်ပျူတာကို ဖတ်တယ်
ဒါပဲကွာပါတယ် ……
အသားဖြူဖြူ ပိန်ပိန်ရှည်ရှည်
အရုပ်မ .လို ခြေသလုံး သေးသေး.....ငါ့အစ်ကိုလေးဟာ …
မဒမ်ကျူရီနဲ့ အားကစားညံ့တာချင်းတူတဲ့
ကလေးမလေး တစ်ယောက်ကို
စိတ်ရှည်လက်ရှည် ဆုံးမပဲ့ပြင်ပေးတတ်တယ်။
သုတေသန လုပ်ငန်းတွေ သိပ်ကို နှေးကွေးလွန်း နေပြီ ……လို့ ပီယာကျူရီပြောသလို …
"လေ့လာရမယ့် နှုန်းက သိပ်ကို နောက်ကျလွန်းနေပြီ" လို့
ငါ့အစ်ကိုလေး ပြောတတ်တယ် ………။
မနက် အိပ်ယာက နိုးတာနဲ့
မပျက်မကွက်နှုတ်ခွန်းဆက် ……ခပ်သွက်သွက် …ကော်ဖီဖျော်……
စာတွေလိုက်ရှာ…
မှာစရာရှိတာမှာ ……
အမျိုးမျိုးသော မိဝေး …ဖဝေး…
ဒုက္ခတွေကို ခံစား……
ဖျားနာခြင်းတောင် သူ့ကိုမြင်ရင် …
အယုယမခံရလို့များလား …
ဝေးဝေးကရှောင်တယ် ……။
"မင်းက ရူပဗေဒ ကို ကျောခိုင်းခွင့်မရှိဘူး"
လို့တော့ ပီယာကျူရီလို အထက်စီးဆန်ဆန် ချစ်ခွင့်မပန်ခဲ့ပါဘူး…။
"ချစ်တယ် " ဆိုတာကို လေးလေးနက်နက်ဆိုခဲ့ ……
အဲ့ဒီစကား နှစ်လုံးနဲ့တင် နှလုံးသားကိုသော့ခတ်သွား
သော့ကို သူယူထားခဲ့တာလည်းကြာပေါ့။
ဘုရားကန်တော့……လုပ်စရာရှိတဲ့စာတွေလုပ်…အိမ်ကိုလွမ်း……ချက်ပြုတ်…
ကြာတော့လည်း
ရေခဲသေတ္တာ ထဲက သူချက်လေ့ရှိတဲ့
အေးခဲတောင့်တင်းနေတဲ့ အသားတွေလိုပဲ ,....မလတ်ဆတ်နိုင်ရှာတော့ …
ငါ့အစ်ကိုလေးဟာ…
တစ်ကိုယ်တော် အိမ်ရှင်မ …
တစ်ကိုယ်တော် ကျောင်းသားကြီး …
တစ်နေ့ပြီးရင်း တစ်နေ့အလုပ်များ …
အားတယ်ရယ်လို့လည်း မကြားမိခဲ့ ပါဘူး။
စာကိုပဲတွေးရ စာကိုပဲငေးရ
စာကိုပဲကြည့် စာပဲသိရတဲ့ ဘဝ
ငါ့အစ်ကိုလေးကို သနားလှပါပြီ………။
စာကိုပဲစွဲ စာကိုပဲသဲရ
စာကိုပဲခင် စာကိုပဲမင်ရ
ငါ့အစ်ကိုလေးကို သနားလှပါပြီ……။
သိပ္ပံပညာရှင်တစ်ယောက်ဟာ ကျိုးကြောင်း ခိုင်လုံမှအရာအားလုံးကို ယုံသတဲ့။
ငါ့အစ်ကိုလေးဟာ အချစ်ကို အကြွင်းမဲ့ယုံကြည်နားလည်ခဲ့တယ် …
သိပ္ပံပညာရှင် မဆန်တာလဲ ပီယာကျူရီနဲ့ တူခဲ့ပြန်တယ်။
တစ်နေ့သော အခါ ……
ငါ့အစ်ကိုလေးက ဆိုရှာရဲ့ ……
ပီယာကျူရီလို သူ့ဘဝ ဟာ
စာတွေ နစ်ပြီး မထ နိုင်တော့ပါတဲ့ ……
သြော် .....
ငါဆိုတာ………
မဒမ်ကျူရီလို ……ပြစ်မျိုးမှဲ့မထင်တဲ့ ထက်မြက်မှုတွေနဲ့တိမ်းညွတ်သာယာဖွယ်လူမဟုတ်……
ပူးတွဲနိုဗယ်ဆုယူပေးနိုင်တဲ့ဟင်နရီဘစ်ကွာရယ်မဟုတ်……
ဝါရွက် လွင့် လွင့် လေပြည် အဝင့်မှာ
နှုတ်ဖွင့် ဟစ်ကြွေး အချစ်တေး သီဆိုရအောင် ……
အနီးအနားမှာနေနိုင်သူလည်း မဟုတ် ………
ဟိုဆေးလေးပေး…
ဒီဆေးအကြောင်းလေးတွေး
ကဗျာလေး တစ်ပုဒ် နှစ်ပုဒ် ရေးတတ်ရုံ…
တုံ့နှေးယိုင်ခွေ
စိတ်မကောင်းခြင်းတွေနဲ့
ပရိတ်သတ်အဖြစ်ရပ်ကြည့်တာပဲ လုပ်တတ်ရုံ…
၃၆၀ ဒီဂရီရှိတဲ့ စက်ဝိုင်းတစ်ခုလို……
ညပြီးရင်နေ့ …
နေ့ပြီးရင်ည ……
လုံးချာလည်နေတဲ့ ထူးမခြားနားငါ့ဘဝ
ဘယ်လိုမှ မကူညီ မဖေးမ နိုင်တဲ့သူပါ
ငါ့အစ်ကိုလေးရာ……။
နောက်ဆုံးတော့
ငါ့အစ်ကိုလေး အတွက်
ငါ တတ်နိုင်တဲ့ အမှာ တစ်ပွင့်ကိုပဲ့
တစ်ဖက်တစ်လမ်းကဖွင့်ရတော့မယ် …
……
…" လျှံပ အားအင်
ရွှင်ရွှင်မြောက်မြောက်
ြိဖိုးတောက် ပညာ
ဝကြွယ်စွာဖြင့်
မွေးရပ်ဌာနီ ပြည်သူ့ ဆီသို့
ကြည်စွာ အရောက်
ရှေ့သို့လျှောက်လေ
ရောက်သမျှ လမ်း
ခရီးကြမ်းတွင် ……
ပန်းတို့ ပွင့်၍ ကျန်ခဲ့ပါစေ ………ငါ့အစ်ကိုလေးရေ………"
Genuine love wants wants what is the best for the other!
fighting !!!!!!
Photo -from chitthu
WHP(ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments