ပန်းရိုင်း ရာဇဝင် (၂)
**************
ပန်းရိုင်းပါ…
မြေကြီးရဲ့ အခင်ဆုံး သူငယ်ချင်း
ဘယ် အချိန်မှာပဲဖြစ်ဖြစ် …
ဝါကြွားမှု ကင်းမဲ့စွာ လှ ……။
ဘာ ရာသီဥတုကို ဖြစ်စေ …
အထာကျအောင် ပေါင်းတတ်တယ်။
ပန်းရိုင်းပါ …
နူးညံ့တဲ့ ပွင့်ဖတ်ကလေးတွေ…ကိုကြည့်ရင်
အခက်အလက်တွေကိုတော့ သတိ……။
မာန ဆူးကလေးတွေ စကြာဝဠာ အထိ ရှိ
ထိချင်တိုင်း လာ ထိ လို့တော့ မရဘူးပေါ့ … ။
ပန်းရိုင်းပါ …
သူ့တန်ဖိုးနဲ့သူကြွကြွ ရွရွ …။
ဟေ့…
အိမ်မက် ဆန်တဲ့
ဘယ်နွယ်ပန်းရဲ့ဘဝကိုမှ…
အားမကျဘူး…။
ပန်းရိုင်းကလေးပါ……
အလွမ်းသမိုင်း မဝေဘူး…
နမ်းတိုင်း မကြွေဘူး …။
လှမ်းတိုင်း မရဘူး …
နမ်းတိုင်း မဝဘူး…။
မြေမှာကြွေ တိုင်း မခဘူး…။
နေမှာ ဝေတိုင်း မကြွဘူး…။
အမြင့် ပန်းတွေ ကြားမှာ သိပ်တော်မဝင်ဘူး …
အချစ် အလွမ်း တွေကြားမှာ သိပ် မပျော်ဝင်ဘူး ……။
မြင့်မြတ် အောင်လည်း သိပ်မနေဘူး ……
အကျင့် ပျက် အမှောင်ထဲ စိတ်မပေဘူး…။
တကယ်တော့ ……
ကမ်းလင့်တိုင်း သိပ်မသာယာတဲ့…
ပန်းပွင့်ရိုင်း စိတ်မာမာ …လေးရယ်ပါ……။
WHP (ဝတ်မှုံလေး ၏ စာအိမ်ငယ် )

Post a Comment

0 Comments