တကယ်ချစ်တဲ့သူ…ဆိုတာ…
ဘယ်လောက် အလုပ်များများ
"အလုပ်ရှုပ်တယ်" ဆိုတဲ့ အကြောင်းပြချက် အစား……
မရ …ရတဲ့အချိန်ကလေးမှာ …
ကိုယ့်အတွက် I love u ဆိုတဲ့
massage တိုလေး တစ်ခုခုကိုဖြစ်ဖြစ်
ချန်ထား ပေးတတ်တဲ့သူ…………။
တကယ်ချစ်တဲ့သူ ဆိုတာ…
အစ်ကို တစ်ယောက်လို နွေးထွေး…
စာအုပ်တစ်အုပ်လို ဗဟု သု တတွေပေး…
အဆင်ပြေရဲ့လား……လို့ အစစအရာရာ ပူပန်ပေး…ပြီး……
ကိုယ်ကလွဲပြီး
ဘယ်မိန်းကလေးကိုမှ ……စိတ်ထဲမတွေးတဲ့သူ…။
ကိုယ့်ကိုတကယ်ချစ်တဲ့ချစ်သူကို…
ဖမ်းဆုပ် ထားဖို့မလိုဘူး…
ကိုယ့်ကို ချစ်တဲ့အချစ်တွေနဲ့
ကိုယ့်နားက ဘယ်တော့မှ ထွက်ခွာမသွားလို့……။
ကိုယ့်ကိုတကယ်ချစ်တဲ့ချစ်သူနဲ့
နီးခြင်း ဝေးခြင်းက လညိး ကိစ္စ မရှိဘူး…
အကွာအဝေးတွေက …
ချစ်ခြင်း စစ်စစ်မှာ အရေအတွက်တွေထက်
အရေးမပါလို့……။
တကယ်ချစ်တဲ့သူ ဆိုတာ……
စာကြည့်တိုက်လို…
ဗဟုသုတ အားလုံး လိုတရနို်င်တယ်…။
ဓားတစ်လက်လို…
အန္တရာယ် အစုံကို ရှင်းလင်းဖယ်ရှားတယ်…။
ဟာသတစ်ပုဒ် လို …
ရယ်မြူးဖွယ်ရာတွေနဲ့ ပျော်ရွှင်စေတတ်တယ်…
ဒဿန စာအုပ်လို …
လေးနက်တဲ့ အတွေးအခေါ်တွေ မျှဝေပေးတတ်တယ် ……။
ပညာရှိတစ်ဦးလို……
ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ညွှန်ပြတတ်တယ်……။
အတိုင်ပင်ခံတစ်ဦးလို…
သင့်၏ မသင့်၏ အရာအားလုံးကို ညှိနှိုင်းဆွေးနွေးနိုင်တယ်……
ဒိုင်ယာရီစာအုပ်လို ……
ကိုယ့်စိတ်ထဲမှာ ဖြစ်နေသမျှတွေ
ရေးခြစ် ……ပစ်ချ…
အားလုံးကို ရင်ဖွင့်လို့ရနိုင်တယ်……။
သူငယ်ချင်းတစ်ယောက်လို…
စိတ်ညစ်ရင် အားပေး …
အောင်မြင်ရင် မျှဝေ……
အေးအတု ပူ အမျှ အပြန်အလှန်ဂရုစိုက်လို့ရနိုင်တယ်…။
ဒီဇိုင်နာ တစ်ဦးလို…
ယဉ်ကျေးသိမ်မွေ့ တဲ့ ဝတ်စားဆင်ယင်မှု တွေကို ဆန်းကြယ်မှုတွေနဲ့ ပေါင်းစပ်…
အံ့အားသင့်ဖွယ် ဒီဇိုင်းတွေကိုလည်း ထုတ်လုပ်တတ်တယ်……။
ဧကပေါင်းများစွာကျယ်တဲ့
နှင်းဆီဥယျာဉ် တစ်ခုလို………
လှပတဲ့ နှင်းဆီပန်းတွေကို
ညွတ်နူးသာယာဖွယ် ဖန်ဆင်းတတ်တယ်……
ဆရာတစ်ဦးလို
ကိုယ်နားမလည်တာတွေကိုညွှန်ပြ
ဘဝ အကြောင်း ဗဟုသုတတွေ တိုးပွားစေခဲ့တယ်……။
တကယ်ချစ်တဲ့သူဆိုတာ…
ကံကောင်းခြင်းတွေရဲ့ အစုအဝေး…
အမြဲတမ်း အပြုံးတွေကိုသာ
ပေးတတ်တယ်…။
တကယ်ချစ်တဲ့သူ အကြောင်းကို စဉ်းစားမိတဲ့အခါ…
ဒေါသထွက် ခြင်း…သဝန်တိုခြင်း .စိုးရိမ်ပူပန်ခြင်းတွေ လုံးဝမပါ……
စိတ်အစဉ်ဟာ…
နံနက်ခင်း နှင်းဆီပန်းပမာ …
လန်းဆန်းဆွတ်ပျံ့သာယာနေလိမ့်မ
ယ်…………။
တကယ်ချစ်တတ်တဲ့ ချစ်သူကို
ပိုင်ဆိုင်သူ မိန်းကလေးတွေဟာ…
အေးချမ်းနွေးထွေး တဲ့ ကမ္ဘာလေးမှာ
ကံကောင်းခြင်းများစွာ …နဲ့
အပြုံး ပွင့်တွေကို ဖနိဆင်း…
ချစ်ခြင်း တေးကဗျာတွေကို ဖွဲ့သီ…ရင်း……
အမြဲတမ်း ပျော်ရွှင်နေတဲ့ဘဝ ကို ပိုင် ဆိုင်နိုင်ကြပါလိမ့်မယ်
ဒါကြောင့် …
ဘဝ အဆက်ဆက်က ဖြည့်ဆည်း ခဲ့တဲ့ ကုသိုလ်တစ်ခုခုကြောင့် …
တကယ်ချစ်တဲ့သူ တစ်ယောက် ကိုယ့်ထံရောက်လာခဲ့ရင်……
နှစ်သက်ကြည်နူးစွာ ပြန်လည် မြတ်နိုး…
ချစ်ခြင်းရဲ့ တန်ဖိုး ကို တိုးစေ သင့်တယ်လေ ………။
(ချစ်သူ စာတွေကြောင့် ပင်ပန်းနေတဲ့အချိနိ ဖတ်ဖို့ :) )
Genuine love wants what is the best for the other!

Post a Comment

0 Comments