ဆီးချို ရောဂါ အကြောင်း တွေးမိရာမှစ
***-************
***-************
ဆီးချို ရောဂါ အမျိုးအစား (၂)ဟာ ကမ္ဘာ့ ဆီးချိုသွေးချိုရောဂါ ဝေဒနာ ရှင်ပေါင်းရဲ့ ၉၅ % လောက်အထိရှိ ပါသတဲ့။
ဒီရောဂါကို အရင်ကတော့ "အင်ဆူလင် မမှီခိုတဲ့ရောဂါ" လို့ခေါ်ကြပါတယ်။
ပုံမှန်ဆိုရင် သွေးထဲမှာ ရှိတဲ့ ဂလူးဂို့စ် (သကြားဓာတ်) တွေဟာ တစ်ရှူးအတွင်းကို အင်ဆူလင် ဆိုတဲ့ ဟော်မုန်းရဲ့ အကူအညီနဲ့ ဝင်ရောက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲ ပေးပါတယ်။
ပုံမှန်ဆိုရင် သွေးထဲမှာ ရှိတဲ့ ဂလူးဂို့စ် (သကြားဓာတ်) တွေဟာ တစ်ရှူးအတွင်းကို အင်ဆူလင် ဆိုတဲ့ ဟော်မုန်းရဲ့ အကူအညီနဲ့ ဝင်ရောက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲ ပေးပါတယ်။
ဆီးချိုရောဂါ အမျိုးအစား(၁) နဲ့
(၂) နှစ်မျိုးလုံးဟာ အဓိက ကတော့ သွေးထဲက ဂလူးဂို့စ် တွေကို တကယ့်
အသုံးချရမယ့် နေရာကို မပို့နိုင် မရောက်နိုင်လို့ ဖြစ်ရတာပါ။
သွေးထဲမှာ ဂလူးဂို့စ် တွေ ဘယ်လောက်ပဲများများ တကယ်လိုအပ်တဲ့ နေရာကို
မသွားနိုင်တဲ့ အခါ မကူးစက်တတ်ပေမယ့် ကြောက်စရာ ကောင်းတဲ့ ဒီရောဂါကြီး
ဖြစ်လာရတာတဲ့။
ကျွန်မတို့ လူသားတွေမှာ ရော။ အားလုံးဟာ ကိုယ်ပိုင်
အရည်အချင်း ရှိသူတွေချည်း။ ဂလူးဂို့စ်တွေလို စွမ်းအင် အဖြစ်
ပြောင်းလဲပစ်နိုင်သူတွေချည်းပါပဲ။
ကိုယ်ပိုင် အရည်အချင်း ကိုယ်စီနဲ့ ဂလူးဂို့စ် လို လူတွေပေါ့။ အခွင့်အလမ်း နဲ့တူတဲ့ တစ်ရှူးထဲရောက်ဖို့ စောင့်နေကြပါတယ်။တစ်ချို့က နိုးနိုးကြားကြား။တစ်ချို့က ဘာသိဘာသာပေါ့။အခွင့် အလမ်း နဲ့ အောင်မြင်မှုကို တော့ ရည်မှန်းချက်တစ်ခုအဖြစ် မျှော်လင့်ကြသူတွေချည်းပါပဲ။

"အင်ဆူလင် ဟော်မုန်း"ကတော့
ကြိုးစားဆောင်ရွက်လိုစိတ်နဲ့တူပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်ရှိတဲ့
ခန္ဓာကိုယ်ဟာ သွေးထဲက သကြားဓာတ်တွေကို တစ်ရှူးထဲကိုပို့ စွမ်းအင်
အဖြစ်ပြောင်းပြီး ကျန်းမာ ပျော်ရွှင်နိုင်သလိုပေါ့။
ကြိုးစားဆောင်ရွက်ချင်တဲ့စိတ်ကလေးဟာ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို
အောင်မြင်မှုတွေ အဖြစ်ပြောင်းလဲပြီး ထိပ်တန်းကိုအရောက် ပို့ပေး
နိုင်တယ်လေ။
ကျွန်မတို့ရဲ့ "ပင်ကိုယ်စွမ်းရည်" ဟာ
"ကြိုးစားဆောင်ရွက် လိုစိတ်" ရဲ့ အားပေးချီးမြှောက်မှုကြောင့် "စွမ်းအား'
တွေအဖြစ် ပြောင်းလဲရှင်သန် ပစ်နိုင်ပါတယ်။
တစ်ရှုးထဲက သကြားဓာတ် တွေလို ခန္ဓာကိုယ် မှာလိုအပ်တဲ့  စွမ်းအင်အတွက် အစွမ်းကုန် ထက်မြက် ပစ်လိုက်ကြရအောင် ……
Never give up!
Never surrender !!!!
Fighting!!!
Never surrender !!!!
Fighting!!!
အမြဲခင်လျက်
ဝတ်မှုံလေး
ဝတ်မှုံလေး

0 Comments